Tuesday, March 31, 2009

” မာနကြောင့် ”

တိမ်လွှာတွေကြား အမြင့်ဆုံးပေါ့
ငါပျံသန်းမယ် ဒီမာနနဲ့
အထက်နေရာမှာ ပျော်နေတုန်းခဏ
လေပြင်းရိုက်ခက် ကြိုးပျက်လေတော့
မြေပြင်ဆီသို့ ဦးညွှတ်ငိုက်ကျ
ခဏဒီဘ၀ ဆုံးရှုံးခြင်းက
ခရီးသည်အလား ရောက်လာလေရဲ့
အို အသင်စွန်လေး . . . .

ပင်ယံထက်မှာ အလှဆုံးပေါ့
ငါပန်းတစ်ပွင့် ဂုဏ်ဝင့်ကြွားရင်း
နေရောင်မခံ ပွင့်နေတုန်းခဏ
ပန်းသည်မုဆိုး တွေ့မိလေတော့
ပင်ယံနဲ့ဝေး အလှပျက်လို့
ဒီမာနကြောင့် ညှိုးနွမ်းခြင်းက
လျှင်မြန်စွသား ဖြစ်မိလေရဲ့
အို အသင်ပန်းလေး . . . .

အနိမ့်ဆုံးလဲ သူပျော်နေတုန်းပဲ
လိုရာရောက်တဲ့ ခြေတစ်စုံပေါ့
ရှေ့ဆက်လမ်းမှာ မာနကိုချိုး
နိမ့်ချခြင်းနဲ့ ဒီခြေအလား
သခင့်ရှေ့မှာ ဘုန်းမ၀င်
သီတင်းကောင်းကို သက်သေခံဖို့
သူ့ဂရုဏာကို သတိရပါတော့
အို အသင်လူသား . . . . .

မှတ်ချက်

တစ်စုံတစ်ယောက်ကို ရည်ရွယ်ခြင်းမဟုတ်ပါ၊ ဘာသာရေးဆွဲဆောင်ခြင်းလည်းမဟုတ်ပါ မိမိကိုကို ဆုံးမသော ကဗျာတစ်ပုဒ်ဖြစ်သည်


1 comments:

Ko Phyo said...

ညီလေးရေ... ကောင်းတယ်... ဆက်ပြီး များများရေးနော်