Tuesday, March 3, 2009

သနားစရာအကောင်းဆုံးက အမေပါ

အမေဟာကျနော်တို့အတွက် အကောင်းဆုံးပါ ကျနော်တို့မောင်နှစ်မတွေ ပညာရေး စားဝတ်နေရေးအားလုံးကို
အမေတစ်ယောက်တည်းပဲ တာဝန်ယူရပါတယ် အမေ့အဖြစ်က အတော်လေးသနားစရာကောင်းပါတယ် အခါလူမျိုးဆိုတော့ ယောကျာ်းကို အရမ်းကြောက်တယ် အဖေကလည်းအရမ်းနှိပ်စက်တာ ကျနော်မှတ်မိတလောက် အမေဟာတစ်ပတ်မှာ လေးရက်လောက်က အဖေ ဆူတာတွေ ရိုက်တာတွေကို ခံနေရပါတယ် အဖေက မိသားစုကို မကြည့်တဲ့အပြင် အရက်ဖိုးကိုပဲရှာခိုင်းတယ် အမေဟာ ပညာလည်း မတက်တော့ ပင်ပန်းစွာနဲ့ လုပ်ရပါတယ် မြို့ထဲကသူဌေးတွေအိမ်မှာ အ၀တ်လျော်ပြီး ကျနော်တို့ကို ပညာသင်ပေးခဲ့တာပါ အမေဟာသားသမီးတွေအတွက် အဖေရိုက်တာခံတယ် ဆူတာခံတယ် အမေအမြဲတမ်းပြောနေကြစကားပါ . ....သားအမေက သားသမီးတွေအတွက်ဆိုရင် ဘာမဆိုခံမယ် ဘာပဲ လုပ်ရ လုပ်ရလုပ်မယ် . ....... လို့အမြဲပြောလေ့ရှိပါတယ် အဖေက အမေ့ကို ရိုက်ဖို့ ဓါတ်ကြိုးနှစ်ပင်လိမ် ထားတာ မိသားစုအတွက် ငွေလည်းမရှာပေးဘူး သူရှာရတာလည်း အရက်ဖိုး အမည်းဖိုးအလောက်ဘူး အမည်းလည်းအမေကို မရရအောင်လုပ်ခိုင်းတယ် ရှိတဲ့ဟင်းရွက်လေးတွေ ရှာကြံပေးတော့လည်း အားလုံးကန်ချပစ်တယ် အဖိုးက မနေနိုင်လို့ သူ့ကျက်မအခုမှဥထားတဲ့ ဥကိုယူလာပြီးကျော်ပေးတယ် အဲ့ဒါလည်းကျော်ပြီးတာနဲ့ ကန်ချပစ်တယ် .....ငါဒီလိုစားတဲ့အကောင်မဟုတ်ဘူး ......တဲ့ တမင်တကာ အမေ့ကိုနှိပ်စက်တာပါ ဘယ်လောက်ပဲနှိပ်စက်ခံနေရလည်း အမေက .....ငါ့သားသမီးတွေ ငါ့လို သူတစ်ပါးနှိပ်စက်မခံရအောင် အားလုံးကိုခံပြီး ပညာသင်ပေးမယ် .......လို့ပြေပါတယ် အမေဟာအရမ်းတနားစရာကောင်းပြီး သားသမီးတွေကိုလည်းအရမ်းချစ်ပါတယ်
.......သားကြီးလာရင် မင်းအဖေလိုမလုပ်ပါနဲ့ .......လို့ ခဏခဏအမေပြေခဲ့ဘူးတယ်

ဒီအကြောင်းအရာလေးကို ဖတ်ရတဲ့ သူငယ်ချင်းအားလုံးလဲ ကျနော်အဖေလိုလုပ်ကြပါနဲ့ဗျာ မိသားစုတွေ အရမ်းမျက်နာငယ်ရ ၀မ်းနည်းရပါတယ် မုန်တိုင်းကြားမှာ အကိုမရှိပဲ တစ်တုံးပေါ်မှာရပ်နေရတဲ့ သူနဲ့တူပါတယ် ဘယ်အချိန်မဆို နှစ်မြုပ်သွားနိုင်တယ်

4 comments:

Co2zeиith said...

ဟုတ်တရ် မေမေက သနားစရားအကောင်းဆုံး ပဲ ချစ်စရာ အကောင်းဆုံးလဲ အမေပဲနော်၊၊

My Diary said...

မေမေက ချစ်ဖို့ကောင်းဆုံးပါ။
ဖေဖေရောပေါ့

လွမ်းသုရင် said...

အမေတိုင်းက ဒီလိုပါပဲ... သားသမီးအတွက်ဆိုရင် ဘယ်သူ့ကိုမဆို ရင်ဆိုင်ရဲကြတယ်

လွမ်းသုရင် said...

lwanthuyin ဆိုတာ အစ်မ ( အစိမ်းရောင် မိန်းကလေး ) နော်။ မသိမှာစိုးလို့