This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, May 18, 2009

Dasktop calender လှလှလေးလိုချင်သူများအတွက်


ကဲ သူငယ်ချင်းတို့ ရေ ဒါလေးလဲကောင်းတယ်နော်
ကိုယ့်ကွန်ပျူတာကို အလှဆင်ချင်သူများအတွက်ပါ
သိပြီးသူများကို တောင်းပန်ပါတယ်ခင်ဗျာ
ဖိုင်ဆိုက်ပေါ့တယ် တစ်ခေါက် ran ထားရင် နောက်ဆို
window ဖွင့်လိုက်တာနဲ့ ပေါ်နေပြီးသားပဲ
လှလည်းလှတယ် သုံးချင်စရာလေးဗျ
လိုချင်ရင်တော့ ဒီမှာယူ လိုက်နော်


ဒါလေးလဲမဆိုးဘူးဗျ သူလည်း Alam လုပ်ထားလို့ရတယ်
အရောင်လဲပြောင်းလို့ရတယ် file size ကလည်းသေးသေးလေးပဲ
alam ကိုလည်းကိုယ်ကြိုက်တဲ့သီချင်းထားလို့ရတယ်
အဲ့ ဒါပေမဲ့ wave file ဖြစ်ဖို့်တော့လိုတယ် နော်
လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါ

သူငယ်ချင်းများအတွက်


Desktop clock လေးပါ ကိုယ့်ကွန်ပျူတာကို နာရီလေးထည့်ချင်သူတွေအတွက်ပါ
သူကအရောင်ပြောင်းလို့ရတယ် နိုးစက်အနေနဲ့သုံးလို့ရတယ် ဒါပေမဲ့ wave file
တော့ပြောင်းရမယ်နော် လိုချင်ရင် ဒီမှာပါ

Saturday, May 9, 2009

ကျနော့်သူငယ်ချင်းများအတွက်














ကို့ကွန်ပျူတာကို ကောင်းစွာကာကွယ်နိုင်ဖို့ အတွက်ပါ မသိသေးသူများနဲ့

ကျနော်တို့လိုယခုမှလေ့လာနေဆဲ သူတွေအတွက်ရည်ရွယ်ပါတယ်ခင်ဗျာ

သိပြီးသားလူများ နားလည်ပေးကြပါခင်ဗျာ(လျှာရှည်နေပြန်ပြီ :P)


နာမည်က password door, desktop lock, virtual screen , file lock တွေပါ

သုံးရတာလည်းလွယ်ပါတယ် ကောင်းလည်းကောင်းပါတယ် ကိုထည့်ချင်တဲ့ password လည်းခဏခဏ

လည်းလို့ရတယ် file size တေလည်းပေါ့ပြီး free ဆိုတော့ ဘာမှမခက်ခဲပါဘူး ဒါပေမဲ့ ရက် (30) ပဲရတယ်ဗျ :P

လိုင်စင်တော့မရှိဘူး သိတဲ့လူတွေလည်း တင်ပေးကြပါနော်

ကျနော်ကိုယ်တိုင်သုံးပြီးပါပြီ လွယ်တယ် ကောင်းတယ် အသုံးပြုချင်တဲ့သူများ အလွယ်တကူဒေါင်းနိုင်ပါတယ်

ဒေါင်းရတာလွယ်တော့မူရင်းဆိုက်မှာပဲ ညွှန်းလိုက်ပါတယ်

ဒီနေရာလေးမှာ သွားပြီးဒေါင်းလိုက်ပေတော့ဗျို့ . . . .

ဒီအရာလေးက ဂျာနယ်တစ်စောင်မှဖတ်မိလို့ မျှလိုက်တာပါ ဂျာနယ်နည်မည်မမှတ်မိတာကိုတော့

ခွင့်လွတ်ပေးကြပါခင်ဗျ :P

Online မှ ကျနော့်ဆရာများကို အထူးကျေးဇူးတင်ပါတယ် ကျနော့်ကို ကူညီကြသူများအားလုံးပျော်ရွှင်ပါစေ . .

Tuesday, March 31, 2009

” မာနကြောင့် ”

တိမ်လွှာတွေကြား အမြင့်ဆုံးပေါ့
ငါပျံသန်းမယ် ဒီမာနနဲ့
အထက်နေရာမှာ ပျော်နေတုန်းခဏ
လေပြင်းရိုက်ခက် ကြိုးပျက်လေတော့
မြေပြင်ဆီသို့ ဦးညွှတ်ငိုက်ကျ
ခဏဒီဘ၀ ဆုံးရှုံးခြင်းက
ခရီးသည်အလား ရောက်လာလေရဲ့
အို အသင်စွန်လေး . . . .

ပင်ယံထက်မှာ အလှဆုံးပေါ့
ငါပန်းတစ်ပွင့် ဂုဏ်ဝင့်ကြွားရင်း
နေရောင်မခံ ပွင့်နေတုန်းခဏ
ပန်းသည်မုဆိုး တွေ့မိလေတော့
ပင်ယံနဲ့ဝေး အလှပျက်လို့
ဒီမာနကြောင့် ညှိုးနွမ်းခြင်းက
လျှင်မြန်စွသား ဖြစ်မိလေရဲ့
အို အသင်ပန်းလေး . . . .

အနိမ့်ဆုံးလဲ သူပျော်နေတုန်းပဲ
လိုရာရောက်တဲ့ ခြေတစ်စုံပေါ့
ရှေ့ဆက်လမ်းမှာ မာနကိုချိုး
နိမ့်ချခြင်းနဲ့ ဒီခြေအလား
သခင့်ရှေ့မှာ ဘုန်းမ၀င်
သီတင်းကောင်းကို သက်သေခံဖို့
သူ့ဂရုဏာကို သတိရပါတော့
အို အသင်လူသား . . . . .

မှတ်ချက်

တစ်စုံတစ်ယောက်ကို ရည်ရွယ်ခြင်းမဟုတ်ပါ၊ ဘာသာရေးဆွဲဆောင်ခြင်းလည်းမဟုတ်ပါ မိမိကိုကို ဆုံးမသော ကဗျာတစ်ပုဒ်ဖြစ်သည်


Tuesday, March 3, 2009

သနားစရာအကောင်းဆုံးက အမေပါ

အမေဟာကျနော်တို့အတွက် အကောင်းဆုံးပါ ကျနော်တို့မောင်နှစ်မတွေ ပညာရေး စားဝတ်နေရေးအားလုံးကို
အမေတစ်ယောက်တည်းပဲ တာဝန်ယူရပါတယ် အမေ့အဖြစ်က အတော်လေးသနားစရာကောင်းပါတယ် အခါလူမျိုးဆိုတော့ ယောကျာ်းကို အရမ်းကြောက်တယ် အဖေကလည်းအရမ်းနှိပ်စက်တာ ကျနော်မှတ်မိတလောက် အမေဟာတစ်ပတ်မှာ လေးရက်လောက်က အဖေ ဆူတာတွေ ရိုက်တာတွေကို ခံနေရပါတယ် အဖေက မိသားစုကို မကြည့်တဲ့အပြင် အရက်ဖိုးကိုပဲရှာခိုင်းတယ် အမေဟာ ပညာလည်း မတက်တော့ ပင်ပန်းစွာနဲ့ လုပ်ရပါတယ် မြို့ထဲကသူဌေးတွေအိမ်မှာ အ၀တ်လျော်ပြီး ကျနော်တို့ကို ပညာသင်ပေးခဲ့တာပါ အမေဟာသားသမီးတွေအတွက် အဖေရိုက်တာခံတယ် ဆူတာခံတယ် အမေအမြဲတမ်းပြောနေကြစကားပါ . ....သားအမေက သားသမီးတွေအတွက်ဆိုရင် ဘာမဆိုခံမယ် ဘာပဲ လုပ်ရ လုပ်ရလုပ်မယ် . ....... လို့အမြဲပြောလေ့ရှိပါတယ် အဖေက အမေ့ကို ရိုက်ဖို့ ဓါတ်ကြိုးနှစ်ပင်လိမ် ထားတာ မိသားစုအတွက် ငွေလည်းမရှာပေးဘူး သူရှာရတာလည်း အရက်ဖိုး အမည်းဖိုးအလောက်ဘူး အမည်းလည်းအမေကို မရရအောင်လုပ်ခိုင်းတယ် ရှိတဲ့ဟင်းရွက်လေးတွေ ရှာကြံပေးတော့လည်း အားလုံးကန်ချပစ်တယ် အဖိုးက မနေနိုင်လို့ သူ့ကျက်မအခုမှဥထားတဲ့ ဥကိုယူလာပြီးကျော်ပေးတယ် အဲ့ဒါလည်းကျော်ပြီးတာနဲ့ ကန်ချပစ်တယ် .....ငါဒီလိုစားတဲ့အကောင်မဟုတ်ဘူး ......တဲ့ တမင်တကာ အမေ့ကိုနှိပ်စက်တာပါ ဘယ်လောက်ပဲနှိပ်စက်ခံနေရလည်း အမေက .....ငါ့သားသမီးတွေ ငါ့လို သူတစ်ပါးနှိပ်စက်မခံရအောင် အားလုံးကိုခံပြီး ပညာသင်ပေးမယ် .......လို့ပြေပါတယ် အမေဟာအရမ်းတနားစရာကောင်းပြီး သားသမီးတွေကိုလည်းအရမ်းချစ်ပါတယ်
.......သားကြီးလာရင် မင်းအဖေလိုမလုပ်ပါနဲ့ .......လို့ ခဏခဏအမေပြေခဲ့ဘူးတယ်

ဒီအကြောင်းအရာလေးကို ဖတ်ရတဲ့ သူငယ်ချင်းအားလုံးလဲ ကျနော်အဖေလိုလုပ်ကြပါနဲ့ဗျာ မိသားစုတွေ အရမ်းမျက်နာငယ်ရ ၀မ်းနည်းရပါတယ် မုန်တိုင်းကြားမှာ အကိုမရှိပဲ တစ်တုံးပေါ်မှာရပ်နေရတဲ့ သူနဲ့တူပါတယ် ဘယ်အချိန်မဆို နှစ်မြုပ်သွားနိုင်တယ်

မဆိုင်ဘဲနဲ့ အရိုက်ခံရတယ်

တစ်နေ့ပေါ့ ကျနော်တို့ရွာမှာ ကျောင်းဆရာမတစ်ယောက်ရှိတယ် သူကကျောင်းသားတွေကို သူ့ဆီမှာ စာလာကျက်ခိုင်း တယ် ကျနော်လည်းသူငယ်ချင်းတွေနဲ့ စာသွားကျက်တာပေါ့ ခဏနေတော့ ညီမလေးကလာပြန်ခေါ်တယ် ကျနော်ပြန်သွားတော့ အဖေက မျက်နှာခက်ထန်နေတယ် ကျနော်သိလိုက်ပြီ အဖေ စိတ်တိုနေတယ်ဆိုတာကိုပေါ့ ဒါနဲ့ ကျနော်ရောက်သွားတော့ အဖေက ..ဟေ့ကောင် လာစမ်း မင်းငါ့ချင်ဆေးဘူးဘယ်မှာထားလဲ ပြောစမ်း... ဆိုပြီးတော့ မေးတယ် ကျနော်လည်း ....သားမယူပါဘူး အဖေ..... လို့ ပြောလိုက်တာနဲ့ တခါတည်း လက်သီးရော စကားရော တစ်ချက်တည်းကျလာတော့ တယ် လက်သီးကတော့ ကျနော့် မျက်ခုံးကို ထိသွားတာ သွေးတွေ အရမ်းထွက် ပြီး ကျနော်လဲသွားတယ် လုံးဝမထနိုင်ဘူး စကားကတော့ .....မင်းမယူရင်ဘယ်သူယူမလဲကွတဲ့ . . . . နောက်နေ့ကြတော့ သူ့အသိ တစ်ယောက်က အဲ့ဒီချင်ဆေးဘူးဘာပြန်ပေးတယ် အဲ့ဒီလူက...... ခင်များငှားပေးတာကျေးဇူးတင်ပါတယ်တဲ့ .... အဖေသူငှားပေးတာကို မေ့ပြီး ကျနော်ကိုယူပါတယ်လို့စွပ်ဆွဲတယ် ကျနော့်စိတ်ထဲမှာ အဲ့ဒီနေ့ကို လုံးဝမေ့မရပါဘူး အဖေတစ်ယောက်အနေနဲ့ သားသမီးကို ဒီလိုလုပ်တာဟာ လုံးဝမကောင်းပါဘူး သားသမီးရင်ထဲမှာ
အညိုးတွေရှိနေမှာပဲ သူတစ်နေ့ မလှုပ်နိုင်မကိုင်နိုင်ရင် ဘယ်လိုလုပ်မလဲ သူငယ်ချင်းတို့ သားသမီးတွေကို စိတ်ထိခိုက်အောင်မလုပ်ကြပါနဲ့

ဒီသင်ခန်းစာအားဖြင့် သင်ခန်းစာရကြပါစေ . . . .