0 comments

Gtalk အခက်ခဲ

Published on Thursday, September 24, 2009 in

သူငယ်ချင်းတို့ကို ကျနော့်အခက်ခဲလေး ကိုပြောပြချင်လို့ပါ
မရှိတာထက် မသိတာပိုခက်တယ်ဆိုတာ တကယ်မှန်သားဗျ ဟီးးးး
ဖြစ်ပုံက ဒီလိုဗျ ကျနော့်အကိုလိုခင်တဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ကွန်ပျူတာ window ပြန်တင်ပေးပါဆိုပြီး လာပို့တယ် ပြီးတော့သူက Gtalk လည်းဝင်လို့မရဘူးတဲ့
ကျနော်ကတော့ သူ့ Gtalk မကောင်းလို့ပါလို့ ခက် ပေါ့ပေါ့လေးပဲ ပြန်ပြောလိုက်တယ
ဒါနဲ့ ကျနော် Window တင်လိုက်တယ် အားလုံး ok ပေါ့ ဒါနဲ့ Gtalk ကို တင်လိုက်တယ်
ကျနော့်အကောင့်ကို ၀င်ကြည့်တယ် ၀င်လို့မဘူး ဘာတဲ့

ဒီလိုပဲပေါ်လာတယ်ဗျ ဟာ ဘာဖြစ်တာလဲပေါ့ တခါမှလည်းမကြုံဖူးတော့
သေပြီဆရာပဲ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး တခါတည်းဇောချွေးတွေပြန်လာရော
ဒါနဲ့ ကိုသိသလောက်လေးနဲ့ မိတ်ဆွေ Google ကိုပဲမေးရတာပေါ့ သူပြောတာကတော့များတယ်
ကျနော်တောင်သိပ်နားမလည်ဘူးဗျ ဒါပေမဲ့ ကျနော်နားလည်လိုက်တာက လွယ်လွယ်လေးဗျာ
ဘာမှမခက်ဘူး Start >> Control panel >> Date time and Language >> Date and time ကိုဝင်လိုက်ပါ
အဲ့ဒီမှာ ဒီလိုဖြစ်နေတယ်ဗျ . . . . .

ရက်စွဲတွေက မမှန်ဘူးဖြစ်နေတယ် အဲ့ဒါကိုပဲကျနော်က အခုကိုယ်ရောက်နေတဲ့
ခုနှစ်ကိုပြင်လိုက်တယ် ဒီလိုလေးပေါ့ဗျာ


အဲ့လိုပြောင်းလိုက်တော့ ကိုရွှေ Gtalk က၀င်လို့ရရောဗျာ
သူငယ်ချင်းများလည်း ကျနော့်လို အခက်ကြုံရင် စမ်းကြည့်လိုက်ပေါ့ဗျာ
ပျော်ရွှင်ကြပါစေ

Spread The Love, Share Our Article

Related Posts

No Response to "Gtalk အခက်ခဲ"