This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ကျနော်၏ ငယ်ဘ၀. Show all posts
Showing posts with label ကျနော်၏ ငယ်ဘ၀. Show all posts

Tuesday, March 3, 2009

သနားစရာအကောင်းဆုံးက အမေပါ

အမေဟာကျနော်တို့အတွက် အကောင်းဆုံးပါ ကျနော်တို့မောင်နှစ်မတွေ ပညာရေး စားဝတ်နေရေးအားလုံးကို
အမေတစ်ယောက်တည်းပဲ တာဝန်ယူရပါတယ် အမေ့အဖြစ်က အတော်လေးသနားစရာကောင်းပါတယ် အခါလူမျိုးဆိုတော့ ယောကျာ်းကို အရမ်းကြောက်တယ် အဖေကလည်းအရမ်းနှိပ်စက်တာ ကျနော်မှတ်မိတလောက် အမေဟာတစ်ပတ်မှာ လေးရက်လောက်က အဖေ ဆူတာတွေ ရိုက်တာတွေကို ခံနေရပါတယ် အဖေက မိသားစုကို မကြည့်တဲ့အပြင် အရက်ဖိုးကိုပဲရှာခိုင်းတယ် အမေဟာ ပညာလည်း မတက်တော့ ပင်ပန်းစွာနဲ့ လုပ်ရပါတယ် မြို့ထဲကသူဌေးတွေအိမ်မှာ အ၀တ်လျော်ပြီး ကျနော်တို့ကို ပညာသင်ပေးခဲ့တာပါ အမေဟာသားသမီးတွေအတွက် အဖေရိုက်တာခံတယ် ဆူတာခံတယ် အမေအမြဲတမ်းပြောနေကြစကားပါ . ....သားအမေက သားသမီးတွေအတွက်ဆိုရင် ဘာမဆိုခံမယ် ဘာပဲ လုပ်ရ လုပ်ရလုပ်မယ် . ....... လို့အမြဲပြောလေ့ရှိပါတယ် အဖေက အမေ့ကို ရိုက်ဖို့ ဓါတ်ကြိုးနှစ်ပင်လိမ် ထားတာ မိသားစုအတွက် ငွေလည်းမရှာပေးဘူး သူရှာရတာလည်း အရက်ဖိုး အမည်းဖိုးအလောက်ဘူး အမည်းလည်းအမေကို မရရအောင်လုပ်ခိုင်းတယ် ရှိတဲ့ဟင်းရွက်လေးတွေ ရှာကြံပေးတော့လည်း အားလုံးကန်ချပစ်တယ် အဖိုးက မနေနိုင်လို့ သူ့ကျက်မအခုမှဥထားတဲ့ ဥကိုယူလာပြီးကျော်ပေးတယ် အဲ့ဒါလည်းကျော်ပြီးတာနဲ့ ကန်ချပစ်တယ် .....ငါဒီလိုစားတဲ့အကောင်မဟုတ်ဘူး ......တဲ့ တမင်တကာ အမေ့ကိုနှိပ်စက်တာပါ ဘယ်လောက်ပဲနှိပ်စက်ခံနေရလည်း အမေက .....ငါ့သားသမီးတွေ ငါ့လို သူတစ်ပါးနှိပ်စက်မခံရအောင် အားလုံးကိုခံပြီး ပညာသင်ပေးမယ် .......လို့ပြေပါတယ် အမေဟာအရမ်းတနားစရာကောင်းပြီး သားသမီးတွေကိုလည်းအရမ်းချစ်ပါတယ်
.......သားကြီးလာရင် မင်းအဖေလိုမလုပ်ပါနဲ့ .......လို့ ခဏခဏအမေပြေခဲ့ဘူးတယ်

ဒီအကြောင်းအရာလေးကို ဖတ်ရတဲ့ သူငယ်ချင်းအားလုံးလဲ ကျနော်အဖေလိုလုပ်ကြပါနဲ့ဗျာ မိသားစုတွေ အရမ်းမျက်နာငယ်ရ ၀မ်းနည်းရပါတယ် မုန်တိုင်းကြားမှာ အကိုမရှိပဲ တစ်တုံးပေါ်မှာရပ်နေရတဲ့ သူနဲ့တူပါတယ် ဘယ်အချိန်မဆို နှစ်မြုပ်သွားနိုင်တယ်

မဆိုင်ဘဲနဲ့ အရိုက်ခံရတယ်

တစ်နေ့ပေါ့ ကျနော်တို့ရွာမှာ ကျောင်းဆရာမတစ်ယောက်ရှိတယ် သူကကျောင်းသားတွေကို သူ့ဆီမှာ စာလာကျက်ခိုင်း တယ် ကျနော်လည်းသူငယ်ချင်းတွေနဲ့ စာသွားကျက်တာပေါ့ ခဏနေတော့ ညီမလေးကလာပြန်ခေါ်တယ် ကျနော်ပြန်သွားတော့ အဖေက မျက်နှာခက်ထန်နေတယ် ကျနော်သိလိုက်ပြီ အဖေ စိတ်တိုနေတယ်ဆိုတာကိုပေါ့ ဒါနဲ့ ကျနော်ရောက်သွားတော့ အဖေက ..ဟေ့ကောင် လာစမ်း မင်းငါ့ချင်ဆေးဘူးဘယ်မှာထားလဲ ပြောစမ်း... ဆိုပြီးတော့ မေးတယ် ကျနော်လည်း ....သားမယူပါဘူး အဖေ..... လို့ ပြောလိုက်တာနဲ့ တခါတည်း လက်သီးရော စကားရော တစ်ချက်တည်းကျလာတော့ တယ် လက်သီးကတော့ ကျနော့် မျက်ခုံးကို ထိသွားတာ သွေးတွေ အရမ်းထွက် ပြီး ကျနော်လဲသွားတယ် လုံးဝမထနိုင်ဘူး စကားကတော့ .....မင်းမယူရင်ဘယ်သူယူမလဲကွတဲ့ . . . . နောက်နေ့ကြတော့ သူ့အသိ တစ်ယောက်က အဲ့ဒီချင်ဆေးဘူးဘာပြန်ပေးတယ် အဲ့ဒီလူက...... ခင်များငှားပေးတာကျေးဇူးတင်ပါတယ်တဲ့ .... အဖေသူငှားပေးတာကို မေ့ပြီး ကျနော်ကိုယူပါတယ်လို့စွပ်ဆွဲတယ် ကျနော့်စိတ်ထဲမှာ အဲ့ဒီနေ့ကို လုံးဝမေ့မရပါဘူး အဖေတစ်ယောက်အနေနဲ့ သားသမီးကို ဒီလိုလုပ်တာဟာ လုံးဝမကောင်းပါဘူး သားသမီးရင်ထဲမှာ
အညိုးတွေရှိနေမှာပဲ သူတစ်နေ့ မလှုပ်နိုင်မကိုင်နိုင်ရင် ဘယ်လိုလုပ်မလဲ သူငယ်ချင်းတို့ သားသမီးတွေကို စိတ်ထိခိုက်အောင်မလုပ်ကြပါနဲ့

ဒီသင်ခန်းစာအားဖြင့် သင်ခန်းစာရကြပါစေ . . . .

Wednesday, February 18, 2009

ကျနော်ဘ၀ အကျဉ်း

ကျနော်က တာချီလိတ်မြို.နယ်၊ တာလေအုပ်စုမှာမွေးဖွားပါတယ်။ လွယ်စတုံ ရွာလေးမှာ ကြီးပြင်းလာခဲ့ပါတယ်
ဆင်းရဲခြင်းအမျိုးမျိုးနဲ့ နေခဲ့ရပါတယ်
အဖေကတော့ ဘမာလူမျိုးပါ အမေကတော့ အခါလူမျိုးပါ ကျနော့်က အကြီးဆုံးပါ ညီမနှစ်ယောက်ရှိပါတယ်
ရွာမှာနေတုန်းကဆိုရင် အဖေက ကျနော့် အမေကို အရမ်းနှိပ်ဆက်ပါတယ် အကြောင်းမရှိ အကြောင်းရှာပြီး ရန်လုပ်ပါတယ် အဲ့ဒါကြောင့် ကျနော်တို့ မောင်နှမတွေ လူအလယ်မှာ မျက်နှာငယ်ရပါတယ်
မှတ်မှတ်ရရတစ်ခုက
ကျနော် ခုနှစ်တန်းနှစ်က အိမ်ပြင်တယ် သစ်သားတွေ၊ ၀ါးတွေနဲ့စောက်ထားတာဆို တော့ နှစ်နှစ်တစ်ခါ၊ သုံးနှစ် တစ်ခါ ပြင်ရတယ် အဲ့ဒီနေ့မှာ အဖေမရှိတုန်း ရွာသားတွေကကူစောက်ပေးကြတော့ တိုင်တစ်တိုင်က ကုန်းမြင့် ဖက်ရောက်နေတော့ နည်းနည်းဖြတ်လိုက်တယ် အဲ့ဒါ အဖေသိရော အားလုံးကို ဆဲတော့တာပဲ ရွာသားတွေလည်း မလုပ်ပေးချင်ကြတော့ဘူး ပြီးတော့ အမေ့ကို မပြေရလားဆိုပြီး ရိုက်တယ် လူအယောက်နှစ် ဆယ် သုံးဆယ်ရှေ့မှာ ရိုက်ခံရတော့ အမေ့ခမျာ အရမ်းရှက်တယ် ဒါပေမဲ့ မြန်မပြေရဲဘူး အမြဲတမ်းဒီလိုပဲရိုက်တယ် ပြီးတော့ သူ့ငှက်ကြီးတောင် ဓါးအရှည်နဲ့ ရေဘူးတွေအားလုံးခွဲပစ်တယ်
အဖွားကိုလည်းတွန်းထုတ်လိုက်သေးတယ် အဖွားလည်းငိုတယ်
ရွာသားတွေလည်းကျနော်တို့မိသားစုကို သနားလို့ အဖေ ဘာပြောပြော နားမထောင်ပဲနဲ့ ဆက်ပြီးဆောက် ပေးတယ် အိမ်ပြီးတဲ့ထိပါပဲ
သူငယ်ချင်းများအားလုံး သင်ခန်းစာယူကြပါ အဖေဆိုတာ ဦးခေါင်းဖြစ်တယ် ခေါင်းဆောင်ဖြစ်တယ်
မိသားစုကို ကိုယ်တိုင်မပြုစုရင် ခေါင်းမှာတော့ ဆီမွှေးလိမ်းပြီး အ၀တ်အစုတ် ၀တ်ထားတဲ့ လူနဲ့တူပါတယ်
ခြေလက်တွေလည်း သန့်ရှင်းမှ လူတစ်ကိုယ်လုံးကိုသန့်ရှင်းစေတာဖြစ်တယ်

အဖေမကောင်းကြောင်းပြောရပေမဲ့
သူငယ်ချင်းများ သင်ခန်းစာယူပြီး မိသားစုကို ကောင်းမွန်စွာစောင့်ရှောက်နိုင်ဖို့မျော်လင့်ပါတယ်
အဖေတစ်ယောက်မကောင်းခဲ့တဲ့အတွက် မိသားစု ဘယ်လောက် ခက်ခဲတယ် ဆိုတာ နောက်မှဆက် ပြောပြပါမယ်
သူငယ်ချင်းအားလုံး သင်ခန်းစာယူနိုင်ကြပါစေ . . . .